သင်ခန်းစာ(၁)
Letter and Word
A, B, C, D စတဲ့အက္ခရာတွေကို Letter လို့ ခေါ်တယ်။ အင်္ဂလိပ် အက္ခရာတွေဟာ အောက်ပါ အတိုင်း လေးမျိုးရှိပါတယ်။
1) CAPITAL LETTERS (PRINTED FORM)
ပုံနှိပ်စာလုံးကြီး ဥပမာ …. A, B, C, D, E, F,G, H, I, J, K, L, M, N,O, P, Q, R, S, T, U, V, W, X, Y, Z
2) SMALL LETTERS (PRINTED FORM)
ပုံနှိပ်စာလုံးသေး ဥပမာ …. a, b, c, d, e, f, g, h, i, j, k, l, m, n,o, p, q, r, s, t, u, v, x, y, z
3) CAPITAL LETTERS (WRITTEN FORM)
လက်ရေးစာလုံးကြီး ဥပမာ …. A, B, C, D, E, F,G, H, I, J, K, L, M, N, O, P, Q, R, S, T, U, V, W, X, Y,Z
4) SMALL LETTERS (WRITTEN FORM)
လက်ရေးစာလုံးသေး ဥပမာ …. a, b, c, d, e, f, g, h, i, j, k, l, m, n, o, p, q, r, s, t, u, v, x, y, z
Vowels & Consonants
အင်္ဂလိပ် အက္ခရာတွေထဲက a e i o u ကို သရ (Vowels) လို့ ခေါ်ပြီး ကျန်တဲ့ အက္ခရာ (b c d f g h j k l m n p q r s t v w x y z) တွေကိုတော့ ဗျည်း (Consonants) လို ခေါ်တယ်။
ှ
A sentence is a group of word with complete sence. အဓိပ္ပါယ်ပြည့်စုံတဲ့ စကားစုကိုဝါကျ(sentence) လို့ ခေါ်ပါတယ်။
eg ... 1) Baby cry. 2) We eat rice.
ဝါကျတွေဟာ အဓိကအားဖြင့် (၄) မျိုးရှိပါတယ်၊
I. Statement sentence (ပြောသည့်ဝါကျ)
1) Dogs like meat. 2) I am a programmer.
II. Interrogative Sentence (မေးခွန်းဝါကျ)
1) Do you read newspaper? 2) Do you love me?
III. Imperative Sentence (ခိုင်းသည့်ဝါကျ)
1) Open the door. 2) Get out.
IV. Exclamatory Sentence(အာမေဋိတ် ၀ါကျ)
1) What a Shame! 2) Oh ! My God.
ဝါကျတိုင်းမှာ subject နဲ့  predicate ပါသည်။
Subject ဆိုသည်မှာ ပြုလုပ်သူကတ္တား(နာမ်/နာမ်စား) ဖြစ်သည်။
eg .. 1) We use internet. 2) He Sleep.
Predicate ဆိုတာကတော့ subject နောက်ကဖြစ်ပြီး ၀ါကျ၏အစိတ်အပိုင်းတခုဖြစ်ပါသည်။ ၄င်းသည် ကတ္တား အကြောင်း ကိုဖော်ပြသည်၊
ဥပမာ..Birds fly.(ငှက်တွေ ဘာလုပ်သလဲ ...ပျံတယ်ပေါ့)
Farmers grows paddy.(လယ်သမားတွေကစပါးကို ဘာလုပ်သလဲ..စိုက်ပျိုးတယ်) ဒီ predicate အပိုင်က ကတ္တား ဘာလုပ်သည် ဘာဖြစ်သည် ကိုဖော်ပြသည်။
Predicate အပိုင်းမှာ Verb(ကြိယာ) အမြဲပါသည်။ နားလည်လွယ်ရန် Predicate ကို Verb အဖြင့်ခဏမှတ်ပါ။ ၀ါကျဆိုတာဘာလဲလို့မေးရင် တော်တော်များများသော ကလေးများက Subj+Verb+Obj တဲ့ဗျာ။ မှန်တော့မှန်ပါ့ဗျား ..ဒါပေမယ့် သူသေသေချာချာ မသိသေးလို့ ပါ..တချို့ ဝါကျတွေမှာ subject + verb နဲ့တင် အဓိပ္ပါယ် ပြည့်စုံပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ Verb က Object(ကံ) မလိုတဲ့ Verb(intransitive verb) ဖြစ်နေလိုပါ။ သေသေချာချာ စဉ်းစားကြည်ပါ။ ဒီဝါကျတွေမှာ Object(ကံ) မပါဘဲပြည့်စုံနေပါတယ်။ eg..Baby cry. Birds fly. He sleep.
တခါတလေကျတော့ subject + verb နဲ့တင် ပြည့်စုံတဲ့ဝါကျ မဖြစ်ဘူး။ ဒီတခါပြည်စုံတဲ့ ၀ါကျ ဖြစ်ဖို့ စကားလုံး တလုံးလိုလာတယ်။ ဒီစကားလုံးဟာ Verb ကြောင့်လိုလာတာ။ Subject ကတ္တားရဲ့ ပြုလုပ်ခြင်းကို ခံရတဲ့သူ၊ ခံရတဲ့ အရာဝထ္ထုဖြစ်တယ်။အဲဒီ ခံရတဲ့သူ၊ ခံရတဲ့ အရာဝထ္ထုကို Object လို့  ခေါ်တယ်။
eg...A cow gives ဘာကိုပေးတာလဲ ( မပြည့်စုံတဲ့ ဝါကျ)
A cow gives milk. နွားကနို့ ကိုပေးသည် (ပြည့်စုတဲ့ဝါကျပေါ့)
ထပ်လေ့လာကြည့်ပါ
1) I love my mother. 2) We love our country.
သင်ခန်းစာ(၂)
Words
အဓိပ္ပါယ်ရှိတဲ့ အက္ခရာအစုကို word (စကားလုံး) လို့ ခေါ်တယ်။
ဥပမာ ... go = သွားသည်
dog = ခွေး book
= စာအုပ် eat = စားသည်
cat = ကြောင်
Word-Class (စကားလုံး အမျိုးအစား)
1) Noun .. (n) နာမ် /
အမည်
ဥပမာ........... man, woman, boy, girl, dog, cat, car
စတဲ့စကားလုံးမျိုး။
2) Pronoun..(pron) နာမ်စား
/ (Noun အစားအသုံးပြုတဲ့စကားလုံး)
ဥပမာ........... I, we, you, he, she, it, they စတဲ့စကားလုံးမျိုး။
ဥပမာ........... good, bad, fat, thin စတဲ့ (သော) ပါသော စကားလုံးမျိုး။
ဥပမာ........... go, come, eat, have စတဲ့(သည်) ပါသော စကားလုံးမျိုး။
ဥပမာ........... slowly, quickly, carefully, good, beautiful
စတဲ့ (စွာ) ပါသောစကားလုံးမျိုး။
ဥပမာ........... in, on, at, to, from စတဲ့စကားလုံးမျိုး။
7) Conjunction..(conj) ဆက်သွယ်ပေးတဲ့စကား
ဥပမာ........... and, but, or, because စတဲ့ စကားလုံးမျိုး။
8. Interjection...(interj) အာမေဋိတ် စကားလုံး
ဥပမာ...........
Is that so?! Oh, unexpected!
Surprising! Extraordinary!
How wonderful! O, what a surprise!
Oh, I see! Ah, poor fellow!
Oh, that's great! Hear, Hear! () Dear, Dear!
၎င်းတို့ကိုနောက်အခန်းများတွင် အသေးစိတ်ဖော်ပြသွားမည်။
Content Words and Structure Word
ခေတ်သစ် Grammar ဆရာတွေကတော့ အင်္ဂလိပ်စကားလုံးတွေကို
နှစ်မျိုးသာ ခွဲခြားထားတယ်။ ၄င်းတို့မှာ Content word
နှင့် Structure word တို့ ပါပဲ။
Content Word
Content Word ဆိုတာ တစ်လုံးဆီမှာ အဓိပ္ပါယ်
ထင်ထင်ရှားရှားရှိတဲ့ စကားလုံးမျိုးတွေဖြစ်တယ်။
1. Noun
2. Verb
3. Adjective နဲ့
4. Adverb... တွေဟာ
အများအားဖြင့်Content word တွေဖြစ်တယ်။
Structure Word
တစ်လုံးဆီမှာ အဓိပ္ပါယ် ထင်ထင်ရှားရှားမရှိလှပဲ ၀ါကျဖွဲ
့စည်းရာမှသာ သုံးရတဲ့ စကားလုံးမျိုးကိုတော့ structure word (ဖွဲ
့စည်းမှုစကားလုံး)လို့ခေါ်တယ်။
1. Pronoun အမျိုးမျိုး
2 .Preposition
3. Conjunction
4. Article
5. Helping Verb.....စတဲ့စကားလုံးတွေဟာ့  structure word
တွေဖြစ်တယ်။
သင်ခန်းစာ(၃)
Phrase & Clause
Phrase
အဓိပ္ပါယ် မပြည့်စုံ သေးတဲ့ စကားစုကို Phrase လို့ခေါ်တယ်။
ဥပမာ… 1. In the east = အရှေ့ဘက်တွင်
2. on the table = စားပွဲပေါ်မှာ
3. at the door = တံခါးဝတွင်
4. under the tree= သစ်ပင်အောက်မှာ
5. behind the wall = နံရံနောက်တွင်
Phrase မှာ Subject တို့ Verb (Predicate) တို့ပါလေ့မရှိ။
Phrase = Preposition (adj) N
Preposition ဆိုတာ ရှေ့ဆောင်ပုဒ်၊ Pre- ရှေ့မှာ၊ Position- တည်နေရာ ဒါကြောင့် နာမ်/နာမ်စား ရှေ့မှာထားသုံးတဲ့စကားလုံးလို့ အဓိပ္ပါယ်ရပါတယ်။ ဦးစီးပုဒ်၊ ၀ိဘတ် ဆိုပြီးအမျိုးမျိုး လို့လည်းဆိုကြပါသေးတယ်။ ရှေ့ဆောင်ပုဒ်ဆိုတာ နာမ်/နာမ်စား တခုရဲ.ရှေ့မှာထားသုံးရတယ့်စကာလုံးပေါ့..ဘာကြောင့်ထားရလဲဆိုရင် အဲဒီ နာမ်/နာမ်စား နဲ့ အခြား နာမ်/နာမ်စားတို့ရဲ့ဆက်သွယ်ပုံကိုဖော်ပြပေးဖို့ဖြစ်ပါတယ်။
Eg..in, on, at, of, for, by, with, near, to, from, etc
2. Fruits are on the table.
3. My father is not at home.
Noun phrase မှာတော့ Gerund (V+ing style) နဲ့ to infinitive ဆိုပြီးရှိပါတယ်…
Eg.. I like playing the guitar. (gerund)
I want to drink a cup of coffee.
Clause
Subject တို့ Verb (Predicate) တို့ ပါပေမဲ့ အဓိပ္ပါယ် မပြည့်စုံသေးတဲ့ စကားစုကို Clasue လို့ ခေါ်တယ်။အမှီဝါကျလို့ ခေါ်နိုင်တယ်။
Clause = Conjunction + Subject + Predicate
= Conjunction + Predicate
2. [the cat] which likes milk နွားနို့ကြိုက်သော (ကြောင်)
3. that they will come သူတို့လာမယ်ဆိုတာ
4. because he works hard သူကြိုးစားသောကြောင့်
5. if you work hard မင်းကြိုးစားရင်
Conjunction ; စကားဆက်ဆိုတာ ဆက်သွယ်ပေးတဲ့ စကားလုံးပဲ။ စကားလုံးတစ်လုံးကို အခြားစကားလုံး တစ်လုံးနဲ့၊ ၀ါကျတစ်ခုကို အခြားဝါကျတစ်ခုနဲ့ ဆက်သွယ်ပေးတယ်။
A conjunction is a joining word. It joins one word to another word or one sentence to another sentence.
Eg.. and, or , because, if, after, but, etc.
ဥပမာ.. 1. Boys and girls sing together.
2. Give me a fountain- pan or a ball-pen.
3. He is poor, but he is honest.
4. Moe Moe is absent because she is ill.
5. If you want to succeed you must work hard.
ဒီထက်ပိုပြောရရင်… Sentence is group of words …. အဓိပ္ပါယ် ပြည့်စုံ… Subj and verb ပါ
Phrase is group of words …. အဓိပ္ပါယ် မပြည့်စုံ…. Subj and verb မပါ
Clause is group of words .… အဓိပ္ပါယ် မပြည့်စုံ… Subj and verb ပါ
ဒီဝါကျလေးကိုကြည့်ရင်ရှင်းသွားမှာပါ…
She was reading a story when her mother come into the room .(sentence)
when her mother come into the room(clause)
come into the room(phrase)..
သင်ခန်းစာ(၄)
Noun
(နာမ်)
သက်ရှိသက်မဲ့ ဒြပ်ရှိဒြပ်မဲ့တို့၏ အမည်ဟူသမျှကို Noun
(နာမ်)
ဥပမာ … man, woman, boy, girl, dog, cat, car စတဲ့စကားလုံးမျိုး…..
နာမ်ဆိုတာ အမည်ပေးတဲ့စကားလုံးဖြစ်ပါတယ်။ ပုဂ္ဂိုလ်မျာ၊ တိရစ္ဆာန်များ၊
ပစ္စည်းများနှင့် နေရာများရဲ့ အမည်များကို နာမ်များကို နာမ်များလို့ခေါ်တယ်။
Nouns အမျိုးမျိုး
ရှေး Grammar ဆရာများက Noun တွေကို အမျိုးမျိုး ခွဲထားတယ်။
အရေးကြီးတဲ့ Noun တွေကတော့……..
1. Proper Noun (ဧက၀ိဓနာမ်) / (ကိုယ်ပိုင်နာမ်)
2. Common Noun (အများဆိုင်နာမ်)
3. Collective Noun (သမူဟနာမ်) / (အစုပြနာမ်)
နဲ့
4. Abstract Noun (စိတ္တဇနာမ်)……တို့ပါပဲ။
ခေတ်သစ် Grammar ဆရာတွေကတော့ Noun ကို(၂)မျိုးသာခွဲထားပါတယ်။
Countable (ရေတွက်လို့ရတဲ့ နာမ်) & Uncountable (ရေတွက်လို့မရတဲ့နာမ်)
တို့ပါပဲ။
၁။
Proper Noun (ဧက၀ိဓနာမ်) / (ကိုယ်ပိုင်နာမ်) :ဆိုတာ တစ်ဦးတစ်ယောက်ထဲနဲ့ သက်ဆိုင်တဲ့ ကိုယ်ပိုင်အမည်ဖြစ်တယ်။တစ်ဦး၊ တစ်ယောက် တစ်ခုအတွက်
သီးခြားမှည့်ခေါ်ထားသော အမည်ကို (Proper Noun <ဧက=တစ်ဦး> ၀ိဓ=နာမ်)ဟုခေါ်သည်။
လူအမည် eg.. ,Thar Gyee, , Thi
Hla, Ye’ Paing , Daw Aye , U Tun, Mr./Mrs. Smith
တိရစ္ဆာန်အမည် eg.. ,Aung Net, Kyar Bo
အရပ်ဒေသ - ပြည်နယ်၊ တိုင်း၊ နိုင်ငံ၊ လူမျိုး အမည်များ
Mon State Kayin
Yangon Division Japanese
Myanmar Indian
မြစ်၊ ချောင်း၊ အင်းအိုင၊် သမုဒ္ဒရာ တို့ရဲ့အမည်တွေဟာ The Ayeyarwaddy, The Pacific, The Red Sea ,
The Suez Canal
သင်္ဘော၊ ရုပ်ရှင်ရုံ၊ သတင်းစာ စသည်တို့၏ အမည်များ The
President, The Pa Pa Win, The city hall, The New Light of Myanmar, The
Kyemon,
The people magazine တွေရဲ့ အမည်တွေဟာ proper noun တွေဖြစ်တယ်။
မှတ်ချက်။ Proper Noun ကို Capital Letter(စာလုံးကြီး)
နဲ့အမြဲရေးစရေး တယ်
ကိုယ်ပိုင်အမည်တွေရဲ့ရှေ့မှာ A, An,
The ရေးရန်မလို A U Aung (x) U Aung (/)
၂။
Common Noun (အများဆိုင်နာမ်): တစ်စုံတစ်ယာက်နဲ့သာမက အများနှင့်
သက်ဆိုင်တဲ့ အမည်များကို အများဆိုင်နာမ်(Common Noun)
များလို့ခေါ် အများနှင့်ဆိုင်တဲ့
အမည်တွေဖြစ်တယ်။
အများနှင့်သက်ဆိုင်သော ပုဂ္ဂိုလ်၊ သတ္တ၀ါ အရာဝထ္ထုတို့၏ အမည်များကို
အများဆိုင်နာမ်ဟုခေါ်သည်။
ဥပမာ…, man (လူဟူသမျှ
Man လို့ ခေါ်နိုင်၊ လူတိုင်းနှင့်သက်ဆိုင်တဲ့ အမည်)
dog (ခွေးဟူသမျှကို
dog လို့ခေါ်နိုင်တယ် ခွေးတိုင်းကိုခေါ်ရန်ပေးထားတဲ့အမည်)
table (စားပွဲတိုင်းကိုခေါ်နိုင်တဲ့အမည်)
twon (မြို့ဟူသမျှကို လို့ခေါ်နိုင်တယ်)
habour (ဆိပ်ကမ်းဟူသမျှကို လို့ခေါ်နိုင်တယ်)
river / sea (မြစ် သမုဒ္ဒရာ တိုင်းနှင့်သက်ဆိုင်တဲ့အမည်)
မှတ်ချက်။ ။ တချို့ Proper Noun ကို Common Noun အဖြစ်ပြောင်းသုံးလို့ရတယ်၊
ဥပမာ.. U Pon Nya is often called the Shakspaer of
Myanmar.
ဦးပုညကို မြန်မာ့ရှိတ်စပီးယားလို့ခေါ်လေ့ရှိသည်။ (ဦးပုည
သည် ရှိတ်စပီးယား လောက် တော်တဲ့မြန်မာပြဇာတ်ရေးဆရာကြီး ဖြစ်တယ်လို့ ဆိုလိုပါတယ်၊)
ဒီနေရာ
မှာShakespear ကို လူအမည်အနေနဲ့မဟုတ်ဘဲ ပြဇာတ်ရေးဆရာကြီးအဖြင့်နှင့်သာ သုံးထားတာဖြစ်တယ်။) ဒါကြောင့်
Shakespear ဟာ
Proper Noun မဟုတ်တော့ဘဲ Common Noun ဖြစ်သွားတယ်။
၃။
Collective
Noun (သမူဟနာမ်) / (အစုပြနာမ်):အစုအဝေးတွေရဲ့
အမည်ကို Collective Noun လို့ခေါ်တယ်။ သဘောချင်းတူတဲ့
သက်ရှိသတ္တ၀ါ သို့မဟုတ် သက်မဲ့ပစ္စည်းတို့ရဲ့
အစုအပေါင်းကိုဖော်ပြတဲ့ အမည်များကို သမူဟနာမ် / အစုပြနာမ်လို့ခေါ်တယ်။
eg.,Committee, Jury(တရားသူကြီးအဖွဲ့), army, fleet(စစ်ရေယာဉ်အုပ်စု), crowd,
flock(သိုးအုပ်), herd(နွားအုပ်), class, term, navy, pair,
family, a group of young men, a flock of sheep, a herd of cattle, a hive of bees.
၎။Material
Noun (ဒဗ္မနာမ်): တစ်ခု၊ နှစ်ခုရယ်လို့ပိုင်းခြားလို့မရတဲ့
ရေ၊ လေ၊ မြေ၊ သတ္တု၊ သစ်သား တို့လိုအခြေခံ ပစ္စည်းများကို
material noun လို့ခေါ်ပါတယ်။
eg., water, air, earth, mud, sand, wood, chalk,
cotton, leather, plastic, metal, gold, silver, rice, wheat, bread, sugar, salt,
meat, beef, pork, mutton, curry, oil, milk, tea, coffee
ယခုနောက်ပိုင်းတော့ common noun ထဲမှာပဲပေါင်းထည့်လေ့ရှိပါတယ်။
Abstract
Noun (စိတ္တဇနာမ်)း အကောင်အထည်မရှိ၊ ကိုင်ကြည့်လို့လည်းမရ၊
စိတ်ထဲကသာ မှန်းဆသိရှိနိုင်တဲ့ Noun မျိုးကို Abstract Noun
လို့ခေါ်တယ်။ ဒြပ်မရှိ၊
ကိုင်တွယ်စမ်သပ်၍ လည်းမရ မြင်လည်းမမြင်နိုင် စိတ်ဖြင့်သာတွေးတောနိုင်တဲ့နာမ်။
Eg ....kindness, beauty, honesty, bravery, obedience,
wisdom, victory, innocence, happiness, sorrow, laziness, pleasure,
leisure, friendship, childhood, manhood, hardness, softness,love, anger, greed, heat,
light, length, height
မှတ်ချက်။ ။ မြန်မာလိုအများအားဖြင့် “ခြင်း” တို့ “မှု”
တို့နဲ့အဆုံးသတ်တက်တဲ့ Noun မျိုးကို Abstract Noun လို့ခေါ်လေ့ရှိတယ်။
Countable
& Uncountable Nouns
1. Countable
Noun – Common Noun, Collective Noun
2. Uncountable
Noun _Proper Noun, Material Noun, Abstract
Noun
တစ်ခု၊ နှစ်ခု သုံးခုရယ်လို့
ရေတွက်နိုင်တဲ့နာမ်တွေက တစ်ခုစိသီခြားရှိတဲ့နာမ်တွေပါပဲ။
ဥပမာ .... one dog, two
dogs, three dogs
one book, two books, three books
two flock of birds , three yoke of oxen, five pairs of slipper
..စသည် Common Noun, Collective Noun
တို့ကိုရေတွက်လို့ရတယ်ဆိုတာ ထင်ရှားတယ်။
Proper Noun, Material Noun & Abstract Noun တို့ကို
ရေတွက်လို့မရဘူးဆိုတာ လည်းထင်ရှားပါတယ်..ဒီမှာကြည့်လိုက်နော်…
ဥပမာ…Myanmar နိုင်ငံဆိုတာ ကမ္ဘာမှာတစ်ခုတည်းရှိတယ်။ နှစ်ခု
သုံးခုရယ်လို့ ရေတွက်လို့မရဘူးဆိုတာက ထင်ရှားပါတယ်..Mount Everest ဧ၀ရက်တောင်..
Water ဆိုတာနည်းနည်းယူလည်းရေ
များများယူလည်းရေပါပဲ..ရေတစ်ခု ရေနှစ်ခုလို့ရေတွက်လို့မှမရတာ။ milk, coffee, wood,
paper, silver စသည်ပေါ့…
Sorrow ၀မ်းနည်းချင်း တူတူပဲပေါ့….ရလောက်မယ်လို့မျှော်လင့်ပါတယ်..
မှတ်ချက်။ ။ Uncountable မှာ အများ (Plural) ပုံစံမရှိပါ။
သင်ခန်းစာ (၅)
Case and Number
Case
Nouns (နာမ်)တွေကို ၀ါကျထဲမှာ သုံးတဲ့နေရာအလိုက် အမျိုးအစားခွဲခြားတာကို case လို့ခေါ်တယ်။ Case အမျိုးမျိုးရှိပါတယ်…အရေးကြီးဆုံကတော့
Nominative Case (Subject အနေနဲ့ သုံးထားတဲ့ Noun)
ဥပမာ..Mg Mg is clever. Khin Khin is beautiful.
Objective Case (Object အနေနဲ့ သုံးထားတဲ့ Noun )
ဥပမာ..I love my mother. We admire Khin Khin.
Possessive Case (ပိုင်ဆိုင်ကြောင်းပြတဲ့ Nouns ကို Possessive Case)
ဥပမာ..Mg Mg’s father is very rich. Khin Khin’s eyes are bright.
မှတ်ချက်။ ။ Possessive case အနေနဲ့ သုံးတဲ့ အခါ သက်ဆိုင်ရာ Noun ရဲ့ နောက်မှာ (’s)ထည့်ပေးရတယ်။
eg.., 1. dog’s tail 2.bird’s wings
‘s’ နှင့်ဆုံးတဲ့အများ (Plural Noun) တွေကို possessive case သုံးရင်တော့ ( ’ ) ပဲထည့်ရမယ်။ s မလိုပါ..
eg..,1. the dogs’ tails 2. Birds’ wings
သက်မဲ့တွေရဲ့နောက်မှာ(’s) မထည့်ရ။ ရှေ့မှာof ထည့်ပေးရတယ်။
eg.., 1 The house’s windows (x) The window of the house (/)
Number (ဆိုတာ အရေအတွက်ဖြစ်တယ်၊ Nouns တွေမှာ Number (၂)မျိုးရှိပါတယ်။)
Singular Number
Plural Number
(တစ်ခု၊ တစ်ယောက်) နှင့်
(အများ) တို့ပါ။
Singular ကို Plural ဖြစ်အောင်ပြောင်းချင်လျှင်…
၁။ s ပေါင်းထည့်ပေးပါ။ eg.., boy to boys, book to books, desk to desks, house to houses, river to rivers စသည်ဖြင့်..
၂။ s ,sh, ch နှင့် x တို့နဲ့ ဆုံးတဲ့ စကားလုံတွေရဲ့နောက်မှာတော့ es ကိုပေါင်းပေးပါ..
brush brushes, box boxes, ,
class classes , gas gasses,
fox foxes, tax taxes,
watch watches, branch branches,
ဆက်လက်ဖော်ပြသွားပါမည်...